
အာဖရိကဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ်ပွဲစဉ်တွေ ဇန်နဝါရီ ၁၀ ရက် ဒီမနက်အစောပိုင်းမှာ ကစားခဲ့ကြတာမှာ မော်ရိုကိုအသင်းနဲ့ ဆီနီဂေါအသင်းတို့ ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရပြီး အကြိုဗိုလ်လုပွဲတက်သွားပါတယ်။
မော်ရိုကိုအသင်းဟာ အာဖရိကဖလားမှာ ဒုတိယအအောင်မြင်ဆုံးဖြစ်တဲ့ ကင်မရွန်းအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဆီနီဂေါအသင်းကတော့ မာလီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ၂ သင်းဟာ မနက်ဖြန်မနက်ကစားမဲ့ အီဂျစ်နဲ့ အိုင်ဗရီကို့စ်၊ အယ်လ်ဂျီးရီးယားနဲ့ နိုင်ဂျီးရီးယားပွဲစဉ်တွေက အနိုင်ရတဲ့ အသင်းတွေနဲ့ အကြိုဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ရမှာပါ။
လက်ရှိ အာဖရိကဖလားမှာ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ အီဂျစ်အသင်းက ၇ ကြိမ်ဗိုလ်စွဲထားပြီး ကင်မရွန်းက ၅ ကြိမ်၊ ဂါနာက ၄ ကြိမ်နဲ့ နိုင်ဂျီးရီးယားနဲ့ အိုင်ဗရီကို့စ်တို့က ၃ ကြိမ်စီ ဗိုလ်စွဲထားပါတယ်။
Photo: Reuters


