
နိုင်ဂျီးရီးယားနိုင်ငံ၊ နိုက်ဂျာပြည်နယ်က ဈေးတခုကို သေနတ်သမားတွေက တိုက်ခိုက်ခဲ့လို့ လူ အယောက် ၃၀ ထက်မနည်း သေဆုံးပြီး တခြားသူ အမြောက်အမြား ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်မှာ ပြောပါတယ်။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝါစီယူ အာဘီအိုဒူက ဒေသခံဓားပြတွေလို့ခေါ်တဲ့ သေနတ်သမားတွေက ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီခွဲလောက်မှာ ဒီမိုရွာက ခါစုဝမ် ဒါဂျိစျေးကို ဝင်စီးခဲ့တာပါ။
စီးနင်းသူတွေက ဆိုင်ခန်းတွေကို မီးရှို့ပြီး အစားအသောက်တွေကို လုယက်ခဲ့တယ်လို့ အာဘီအိုဒူက ပြောပါတယ်။
သေနတ်သမားတွေက မော်တော်ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ခွဲခြားမှုမရှိ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောခဲ့ပါတယ်။
အကြမ်းဖက်မှုဟာ အနားက အာဂွါရာနဲ့ ဘော်ဂူရွာတွေမှာ သောကြာနေ့ကစတဲ့ စီးနင်းမှုတွေရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။
နိုင်ဂျီးရီးယားစစ်တပ်က မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း မတုံ့ပြန်ပါဘူး။
သေနတ်သမားတွေက နိုင်ဂျီးရီးယားအလယ်ပိုင်း၊ နိုက်ဂျာပြည်နယ်က ကက်သလစ်ကျောင်း တကျောင်းကနေ ကလေးတွေနဲ့ ဝန်ထမ်းတွေ စုစုပေါင်း အယောက် ၃၀၀ ကျော်ကို ဖမ်းဆီးပြီးတဲ့နောက် သီတင်းပတ်တွေအကြာမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။
ဓားစာခံတွေကို တလနီးပါး ဖမ်းဆီးထားပြီးတဲ့နောက် ပြန်လွှတ်ပေးခဲ့ပါတယ်။
Source: Reuters


