
ရုရှားရဲ့ ညလုံးပေါက် တိုက်ခိုက်မှုအတွင်း ယူကရိန်းမြို့တော် ကိယက်ဗ်မြို့က ပုဂ္ဂလိက ဆေးခန်းတခုမှာ အသက် ၃၀ အရွယ် လူနာတယောက် သေဆုံးခဲ့တယ်လို့ ဆေးခန်းရဲ့ အထွေထွေဒါရိုက်တာ မာဟာရီတာ မာလီယိုဗာနာက ပြောပါတယ်။
လူ ၃ ယောက် ဒဏ်ရာရခဲ့ပြီး လူ ၂၅ ယောက်ကို ဘေးလွတ်ရာဆီ ရွှေ့ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
မီးသတ်သမားတွေက လူနာတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ယူကရိန်းနိုင်ငံ အရေးပေါ်ဌာနက ဇန်နဝါရီ ၅ ရက်မှာ ပြောပါတယ်။
မီးသတ်သမားတွေက လူနာတယောက်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးပြီး အလောင်းတလောင်းကို အဆောက်အအုံအပြင်ဘက်ဆီ သယ်သွားတာကို ရုပ်သံမှာ မြင်တွေ့ရပါတယ်။
တိုက်ခိုက်မှုအပြီး ပြတင်းပေါက်တွေ ကွဲအက်သွားပြီး လူနာအခန်းတွေ မီးလောင်ပျက်စီးသွားတဲ့အပြင် ဆေးခန်းအတွင်းပိုင်းမှာပါ ပျက်စီးသွားတာပါ။
ယင်းယက်ဗ်နဲ့ ဒေသအတွင်း ရုရှားရဲ့ ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
ဒေသအစိတ်အပိုင်း နည်းနည်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး မိုင်ကိုလာ ကာလက်ရှ်နစ်ခ်က တယ်လီဂရမ်မှာ ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံက ချက်ချင်း မှတ်ချက်မပေးပါဘူး။ နှစ်ဖက်စလုံးက သူတို့ရဲ့ တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေကို ပစ်မှတ်မထားခဲ့ဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။
Source: Reuters


