
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ မက်ဇဲပင်လယ်ကမ်းစပ် ဆင်ခြေဖုံးရပ်ကွက်မှာ ဇန်နဝါရီ ၂၀ ရက်က လှိုင်းလုံးကြီးတွေနဲ့အတူ ရေကြီးနေတဲ့လမ်းတွေကို မျက်မြင်သက်သေဗီဒီယိုထဲမှာ တွေ့ရပါတယ်။
အီတလီအရပ်ဘက်ကာကွယ်ရေးဌာနက စစ္စလီကျွန်းရဲ့ အစိတ်အပိုင်း တွေအတွက် အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး မိုးသည်းထန်တဲ့ ရွာသွန်းမှု၊ ဟာရီကိန်းလေပြင်း တိုက်ခတ်မှုနဲ့ အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေလှိုင်းတွေ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေး ခဲ့ပါတယ်။
ဒေသန္တရအရာရှိတွေက မြူနီစီပယ် ၁၅၀ လောက်မှာ ကျောင်းတွေကို ပိတ်ထားပြီး ကမ်းရိုးတန်း ဒေသတွေတလျှောက် သယ်ယူပို့ဆောင်ရေး ပြတ်တောက်ခဲ့တယ်လို့ ပြောပါတယ်။
မိုးလေဝသခန့်မှန်းသူတွေက ညနေပိုင်းအထိ ပြင်းထန်တဲ့ ရာသီဥတုဆက်ရှိနိုင်တယ်လို့ သတိပေးထားလို့အရေးပေါ်ဝန်ဆောင်မှုတွေဟာ မြင့်မားတဲ့ သတိပေးချက်အောက်မှာ ရှိနေခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားခြင်းနဲ့ ကမ်းရိုးတန်းဒေသတွေကို ရှောင်ရှားဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။
Source:Reuters


