အီတလီနိုင်ငံ၊ စစ္စလီကျွန်းပေါ်မှာ အပူလှိုင်းအသစ် ဖြတ်နေလို့ ကျွန်းသားတွေနဲ့ ခရီးသည်တွေဟာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဖာရင်ဟိုက်) ထိရှိတဲ့ အပူဒဏ်ကို ခံနေရပါတယ်။
အာဏာပိုင်တွေက စစ္စလီကျွန်းပေါ်က ကာတာနီယာနဲ့ ပါလာမို အပါအဝင် မြို့ ၁၇ မြို့အတွက် လိမ္မော်ရောင် သတိပေးချက်ကို အခုသီတင်းပတ်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်ဂျီးရီးယားနိုင်ငံထဲက အာဖရိကမြောက်ပိုင်း ကမ်းရိုးတန်းတလျှောက်၊ ပေါ်တူဂီနိုင်ငံကနေ ဂရိနိုင်ငံအထိ မြေထဲပင်လယ်တဝိုက်က နိုင်ငံတွေဟာ တောမီးလောင်တဲ့ အထိ အပူချိန်တွေ မြင့်တက်နေတဲ့ ကာလကို ကြံ့ကြံ့ခံနေရတယ်လို့ အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးရုံး၊ ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေးဌာနက ပြောခဲ့ပါတယ်။
Source-Reuters