အီတလီနိုင်ငံ စစ္စလီကျွန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ဇိမ်ခံအပျော်စီး သင်္ဘောတစင်း နစ်မြုပ်ပြီးနောက် ကယ်ဆယ်ရေး ရေငုပ်သမားတွေဟာ အလောင်း ၄ လောင်းကို သြဂုတ် ၂၁ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး အလောင်းတွေရဲ့ နာမည်စာရင်းကို ချက်ချင်း မထုတ်ပြန်သေးပါဘူး။
အလောင်းတွေထဲက တလောင်းက ကာယဗလအတွက် အကြီးအကျယ် လေ့ကျင့်ထားတဲ့ အမျိုးသားတယောက်ဖြစ်ပြီး ဒုတိယအလောင်းက အမျိုးသမီးတယောက် ဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အလောင်းတွေက ဗြိတိန် နည်းပညာလုပ်ငန်းရှင် မိုက်ခ် လင့်ချ်နဲ့ သူ့သမီးတို့ ဖြစ်နိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ဖော်ပြပါတယ်။
ဆယ်ယူရရှိထားတဲ့ သင်္ဘောပေါ်က စားဖိုမှူး ရေကယ်ဒို သောမတ်စ်ရဲ့ အလောင်းကို ပေါင်းထည့်လိုက်ရင် သေဆုံးသူအရေအတွက်မှာ ၅ ယောက်အထိ မြင့်တက်လာပြီး ၂ ယောက်က ပျောက်ဆုံးနေဆဲပါ။
ဗြိတိန် နည်းပညာလုပ်ငန်းရှင် မိုက်ခ်လင့်ချ်ရဲ့ ဇနီး ပိုင်ဆိုင်တဲ့ ဒီသင်္ဘောဟာ ခရီးသည်နဲ့ အမှုထမ်း ၂၂ ယောက်ကို တင်ဆောင်ပြီး သြဂုတ် ၁၉ ရက် မိုးမလင်းမီ ပြင်းထန်တဲ့ မုန်တိုင်း တိုက်ခတ်ချိန်က ပါလာမိုမြို့နားက ပေါ်တီဆယ်လို ဆိပ်ကမ်းမှာ ကျောက်ချ ရပ်နားထားခဲ့ပါတယ်။
Source-Reuters