
အာဏာသိမ်းစစ်ကောင်စီက ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးစားနေတာဟာ ပြည်သူ့ဆန္ဒကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေတာလို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းကောင်စီနဲ့ အဖွဲ့အစည်းတွေက ဇန်နဝါရီ ၂၀ ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြစ်ဆုံဒေသကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားမှုကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီရဲ့ တရားမဝင် စီမံကိန်းအကောင်အထည်ဖော်မှုတွေကို နည်းမျိုးစုံနဲ့ ဆက်လက်ဆန့်ကျင်သွားမယ်လို့လည်း ကြေညာထားပါတယ်။
ပြည်သူလူထုအနေနဲ့လည်း “မြစ်ဆုံကာကွယ်ရေးဟာ အမျိုးသားရေးတာဝန်” လို့ သတ်မှတ်ပြီး ဧရာဝတီမြစ်ကို ကာကွယ်ရာမှာ ဝိုင်းဝန်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။


