
၆၃ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က အကျဉ်းသား ၁၅ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ၅၅ ဦးယောက်တော့ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီလွတ်ငြိမ်းမှုဟာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် လုပ်ဆောင်တာဖြစ်ပြီး တအာင်းပြည်အတွင်းရှိတဲ့ အကျဉ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံထားရသူတွေကို လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားသူ ၁၁၁ ယောက်ကိုလည်း TNLA က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။


