
မြန်မာနိုင်ငံတွင်း နေပြည်တော်၊ ညောင်တုန်းနဲ့ တိုက်ကြီးမြို့တွေကို ဗဟိုပြုပြီး ဇန်နဝါရီ ၁၉ ရက် ညဉ့်နက်ပိုင်းနဲ့ ၂၀ ရက် မနက်အစောပိုင်းတွေမှာ အင်အားအသင့်အတင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့ တယ်လို့ မိုး/ဇလဌာနဲ့ ပြည်တွင်းနေသူတွေထံက သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီ ၁၃ မိနစ်မှာ တိုက်ကြီးမြို့ ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဇန်နဝါရီ ၂၀ ရက် မနက် ၁ နာရီ ၂၆ မိနစ်မှာ ညောင်တုန်းမြိုကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့် ရန်ကုန်တိုင်းနဲ့ ဆက်စပ်ပြည်နယ်တိုင်းတချို့က နေထိုင်သူတွေ ငလျင်လှုပ်တာကို သိလိုက်ရပါတယ်။
အဲဒီ ၂ မြို့နယ်မှာ အင်အား ရစ်ချက်စတာစကေး ၄ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင် လှုပ်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက် ည ၈နာရီ ၅၄ မိနစ်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အရှေ့မြောက်ဘက် ၃ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ငလျင်ကတော့ အင်အား အနည်းငယ်ရှိတဲ့ ငလျင်ဖြစ်ပြီး အင်အား ၃ ရစ်ချက်စတာ စကေး ရှိတယ်လို့ မိုး/ဇလက ထုတ်ပြန်ပါတယ်။


