Home
မြန်မာသတင်း
မန္တလေးတိုင်းအတွင်း မြေငလျင်များလှုပ်ခတ် 
DVB
·
January 2, 2026

မန္တလေးတိုင်းမှာ ဇန်နဝါရီ ၁ ရက်ညပိုင်းက အင်အားအတော်အသင့်ရှိ မြေငလျင်တွေ လှုပ်ခတ်သွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မနေ့ညက မြန်မာစံတော်ချိန် ည ၇ နာရီ ၄၉ မိနစ်လောက်မှာ မန္တလေးမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၈၂ ကီလိုမီတာအကွာ၊ စဥ့်ကူးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၉ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မနေ့ည ၈ နာရီ ၃၃ မိနစ်လောက်မှာလည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့ တောင်-အနောက်တောင်ဘက် ၅၂ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၄  ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန် အချက်တွေနဲ့အညီ  နေထိုင်ကြဖို့လည်း NUG က အသိပေးထားပါတယ်။

မြေငလျင်တိုင်းတာစက်တွေက အသုံးပြုတဲ့ စကေးနဲ့ တိုင်းတာတဲ့ နည်း လမ်းတို့ အပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားနိုင်တယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလဌာနကတော့  ဒီဇင်ဘာ ၁ ရက် ည ၇ နာရီ ၃၈ မိနစ် ၅၈ စက္ကန့်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပမာဏ  ၄ ဒသမ ၉ ရှိတဲ့  သပိတ်ကျင်းမြို့ရဲ့ တောင်ဘက် ၉ မိုင်လောက်အကွာ အနက်  ၁၃ ကီလိုမီတာကို ဗဟိုပြုလုပ်ခတ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး လူနဲ့ အိုးအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013