
ထိုင်ဝမ်ရဲ့ အရှေ့တောင်ပိုင်းကမ်းရိုးတန်း တိုင်တောင်မြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက်က ငလျင်လှုပ်ခတ်ခဲ့ပြီး ထုတ်ကုန်တွေက တုန်ခါနေတဲ့ စင်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ မြင်ကွင်းကို စူပါမားကတ် လုံခြုံရေးကင်မရာရဲ့ ရုပ်သံမှတ်တမ်းမှာ မှတ်တမ်းတင်ထားပါတယ်။
ငလျင်ဟာ ပြင်းအား ၆ ဒသမ ၁ ရှိတယ်လို့ ကျွန်းရဲ့ ရာသီဥတုစီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့ပေမဲ့ ပျက်စီးဆုံးရှုံးမှု သတင်းတွေကိုတော့ ချက်ချင်း မထုတ်ပြန်သေးပါဘူး။
၂၀၁၆ ခုနှစ်က ထိုင်ဝမ်တောင်ပိုင်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၉၉၉ ခုနှစ်မှာ ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ ငလျင်ကြောင့် လူ ၂,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Source: Reuters


