
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကို ပြဿနာရှာသူလို့ ဒီဇင်ဘာ ၉ ရက်မှာ ခေါ်ဆိုခဲ့ပြီး တရုတ်ပြည်မကြီးအစိုးရရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။
ဒီဇင်ဘာ ၅ ရက်မှာ အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရုတ်ပြည်မကြီးအစိုးရနဲ့ ပဋိပက္ခကို တားဆီးဖို့ စစ်ရေးအင်အားတည်ဆောက်ဖို့ ရည်ရွယ်တဲ့ လုံခြုံရေးဗျူဟာအသစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
တရုတ်နိုင်ငံက သူ့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ကတိပြု၊ တုံ့ပြန်ခဲ့ပြီး “ပြင်ပဝင်ရောက်စွက်ဖက်မှု” ကို သတိပေးခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရသာလျှင် နိုင်ငံတကာ အသိုက်အဝန်းမှာ ထိုင်ဝမ်လူဦးရေ ၂၃ သန်းကို ကိုယ်စားပြုနိုင်ပြီး တရုတ်က ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးလို့ ဒီဇင်ဘာ ၉ ရက် ထိုင်ပေမြို့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်ကွမ်းဝေက ပြောခဲ့ပါတယ်။ ၏
သတင်းထောက်တွေက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မကြာသေးမီက ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရှောင်ကို မေးခဲ့တာပါ။
ရှောင်က ထိုင်ဝမ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိတ်အပိုင်းတခု မဟုတ်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို သူ့ကိုယ်ပိုင်နယ်မြေအဖြစ် ရှုမြင်တဲ့ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ထိန်းချုပ်ဖို့ အင်အားသုံးနိုင်တဲ့ အလားအလာကို ဘယ်သောအခါကမှ မစွန့်လွှတ်ခဲ့ပါဘူး။
Source:Reuters


