
အာဖရိကဖလား ဗိုလ်လုပွဲမှာ အဆုံးအဖြတ်ပင်နယ်တီလွဲချော်ခဲ့တဲ့ အသင်းဖော် ဘရာဟမ်ဒီယက်ဇ် ကို အားပေးကူညီသွားမယ်လို့ တိုက်စစ်မှူးအမ်ဘာပေက ပြောပါတယ်။
မိုနာကိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ အသင်းဖော် ဒီယက်ဇ်ရဲ့ ပင်နယ်တီလွဲချော်မှုအပေါ် ကိုယ်ချင်းစာမိပြီး အားပေးထောက်ခံသွားမဲ့အကြောင်း ပြောသွားတာပါ။
ဗိုလ်လုပွဲ အဖြစ်အပျက်တွေအပေါ် ဒီယက်ဇ်နဲ့ တိုက်ရိုက် စကားမပြောဆိုရသေးပေမဲ့ အသင်းဖော်ဟောင်း ဟာကီမီနဲ့ စကားပြောခဲ့ကြောင်းနဲ့ သူတို့အတွက် ခက်ခဲတဲ့အချိန်ဖြစ်ကြောင်း အမ်ဘာပေက ပြောပါတယ်။
လက်ရှိအချိန်မှာ ဒီယက်ဇ်အတွက် စိတ်ပိုင်းဆိုင်ရာပြန်လည်ကောင်းမွန်လာဖို့ ကူညီပေးသွားရမှာဖြစ်ပြီး ဒီယက်ဇ်အပေါ် အားပေးထောက်ခံမှုနဲ့ ချစ်ခြင်မေတ္တာတွေ ပေးသွားမှာဖြစ်ကြောင်း အမ်ဘာပေက ပြောပါတယ်။
Photo:Reuters


