
ဇန်နဝါရီ ၁၈ ရက် တနင်္ဂနွေနေ့က အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်မှုဟာ အီတလီနိုင်ငံ မြောက်ပိုင်းတလျှောက် အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာစဉ် လမ်းဘေးတလျှောက်ရှိ ကြည့်ရှုသူတွေက စီတန်းအားပေးကြိုဆိုခဲ့ကြပါတယ်။
ဒီမီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်မှုကို ဒက်ဆန်ဇာနိုဒယ်ဂါဒါမြို့ကနေ စတင်ခဲ့ပြီး၊ အထိမ်းအမှတ်ပွဲတွေ ကျင်းပမဲ့ ဗီရိုနာမြို့ကို သွားရာလမ်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီပြတိုက် အပါအဝင် သမိုင်းဝင် အထင်ကရနေရာများစွာကို ဖြတ်သန်းသွားခဲ့ပါတယ်။
အိုလံပစ်မီးရှူးတိုင်ဟာ ပြီးခဲ့တဲ့လက ရောမမြို့မှစတင်ပြီး အီတလီနိုင်ငံတဝန်း ခရီးစဉ်ကို စတင်ခဲ့တာပါ။
ကီလိုမီတာ ၁၂,၀၀၀ (၇,၄၅၀ မိုင်) ရှည်လျားတဲ့ ဒီခရီးစဉ်အတွင်း ဆာဒီနီးယားနဲ့ စစ္စလီကျွန်းတွေ အပြင် တောင်ပိုင်းမြို့ကြီးတွေဖြစ်တဲ့ နာပိုလီနဲ့ ဘာရီမြို့တွေကိုလည်း ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ မီလန်မြို့ရှိ ဆန်စီရို အားကစားကွင်းမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။


