
အီတလီနိုင်ငံ အနောက်မြောက်ပိုင်းရှိ တောင်တန်းတခုမှာ ဒီဇင်ဘာ ၃၀ ရက်က ကေဘယ်ကား မတော်တဆမှုတခု ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး ရဟတ်ယာဉ်တွေက လူပေါင် ၁၀၀ ဝန်းကျင်လောက်ကို ဘေးကင်းရာကို ကူညီတင်ဆောင်ပေးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
အဲ့လ်ပ်စ်တောင်တန်းတွေရဲ့ ခြေရင်းက ပိဒ်မွန့်တေဒေသရှိ မာကုညာဂါ ကျေးရွာအနီးမှာ ကေဘယ်လ်ကားတွဲ ၂ တွဲဟာ အပေါ်ဘက်နဲ့ အောက်ဘက် ကားတွဲရုံစခန်းတွေကို အရှိန်နဲ့ ဝင်တိုက်ဆောင့်မိရာမှ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အပေါ်တွဲရှိ ခရီးသည် ၃ ယောက်ဟာ မြေပြင်အလွှာရှိ ကေဘယ်လ်ကား အော်ပရေတာနဲ့အတူ ဒဏ်ရာရရှိခဲ့ကြောင်းလည်း သူက ထပ်လောင်းပြောဆိုပါတယ်။
မာကုညာဂါ သယ်ယူပို့ဆောင်ရေးနဲ့ ဝန်ဆောင်မှုမှ ဓာတ်လှေကားအော်ပရေတာရဲ့ မန်နေဂျင်းဒါရိုက်တာ ဖီလစ်ပိုဘေဆော့ဇီက ကေဘယ်လ် ကားတွဲတခုဟာ မျှော်လင့်ထားသလို ခပ်နှေးနှေး ကျလာရမှာကို မလုပ်ဆောင်နိုင်ဘဲ ကားတွဲရုံအတားအဆီးကို ဝင်တိုက်မိခဲ့ကြောင်း အန်ဆာသတင်းဌာနကို ပြောပါတယ်။
"ကံကောင်းထောက်မစွာပဲ ပြင်းထန်တဲ့ ဒဏ်ရာတွေလည်း မရှိဘူး၊ ဘယ်သူမှလည်း အသက်အန္တရာယ် မရှိပါဘူး" လို့လည်း ထပ်လောင်းပြောကြားပြီး လူ ၆ ယောက် ကတော့ ကုသမှု လိုအပ်တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
မတော်တဆမှု ဖြစ်ပွားပြီးနောက်မှာ ကေဘယ်ကား ပြေးဆွဲဝန်ဆောင်မှုကို ရပ်ဆိုင်းထားခဲ့ပြီး ကလေးတွေနဲ့ နိုင်ငံခြားခရီးသွားတွေ အပါအဝင် လူ ၁၀၀ လောက်ရှိတဲ့အဖွဲ့ဟာ မီတာ ၂၈၀၀ လောက်မြင့်တဲ့ မွန်တီ မိုရိုတောင်ပေါ်ရှိ အပေါ်ကားစခန်းမှာ ခေတ္တခနလောက် ပိတ်မိနေခဲ့ကြောင်း အီတလီမီဒီယာတွေက ဖော်ပြပါတယ်။
ဒီကေဘယ်လ်ကားဘူတာကို ၁၉၆၂ ခုနှစ်က တည်ဆောက်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်က ယူရို ၂ သန်း အကုန်အကျခံပြီး ပြန်လည် ပြုပြင်မွမ်းမံထားတာဖြစ်ပါတယ်။
Source: Reuters


