
အီတလီနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ အက်ဒရီယက်တစ်ပင်လယ်တလျှောက် အိုလံပစ်မီးရှူးတိုင် သယ်ဆောင်လာတာကို ဇန်နဝါရီ ၃ ရက်က ကြည့်ရှုသူတွေ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြ ပါတယ်။
၂၀၂၆ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို ဦးတည်တဲ့ အီတလီနိုင်ငံအတွင်း ၂၇ ကြိမ်မြောက် မီးရှူးတိုင်သယ်ဆောင်ခရီးစဉ်ကို ပင်လယ်ကမ်းခြေမြို့ မွန်တေစီလ်ဗာနိုမှာ စတင်ခဲ့ပြီး စီဗွီ၊ ရိုစေတို ဒေရီအဘရူဇီနဲ့ ဂျုလီရန်နိုဗာစတဲ့ ကမ်းရိုးတန်းမြို့တွေမှာ ရပ်နားကာ မြောက်ဘက်ကို ဦးတည် ထွက်ခွာခဲ့ပါတယ်။
အဲ့ဒီနောက် မီးရှူးတိုင်အဖွဲ့ဟာ ကုန်းတွင်းပိုင်းရှိ တယ်ရာမိုမြို့ကို ကွေ့ဝင်မှာ မနေ့က ခရီးစဉ်ကို လာကွီလာမြို့မှာ အဆုံးသတ်ဖို့ စီစဉ်ခဲ့ပါတယ်။
ရှေးဟောင်း ဂရိအားကစားပြိုင်ပွဲ ကျင်းပရာနေရာဖြစ်တဲ့ အိုလံပီယာမြို့မှာ ပြီးခဲ့တဲ့လက မီးထွန်းညှိခဲ့ပြီး ဒီဇင်ဘာလအစောပိုင်းမှာ အီတလီအားကစားပွဲ ကျင်းပရေးကော်မတီထံ လွှဲပြောင်းပေးခဲ့ပြီးနောက်၊ မီးရှူးတိုင်ကို ဒီဇင်ဘာ ၆ ရက်နေ့တွင် ရောမမြို့ရှိ သမိုင်းဝင် ဒေမာမီ အားကစားကွင်းမှ စတင်သယ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၂၆ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို မီလန်မြို့နှင့် ကိုတီတာဒမ်ပါဇိုအပန်းဖြေစခန်းတွေမှာ ဖေဖော်ဝါရီ ၆ ရက်ကနေ ၂၂ ရက်အထိ ပူးတွဲကျင်းပမှာ ဖြစ်ပါတယ်။
မတ်လမှာ ပါရာလံပစ်ပွဲတွေကို ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ မီးရှူးတိုင်သယ်ဆောင်တဲ့ ခရီးစဉ်ကို အီတလီနိုင်ငံရှိ ခရိုင် ၁၁၀ နဲ့ မြူနီစီပယ် ၃၀၀ ကျော်ကို ဖြတ်သန်းကာ စုစုပေါင်း ကီလိုမီတာ ၁၂,၀၀၀ (၇,၄၅၀ မိုင်) ရှည်လျားပါတယ်။


