
ဆီးရီးယားနိုင်ငံထဲမှာ ဒီဇင်ဘာလတိုက်ခိုက်မှုနဲ့ ဆက်စပ်နေပြီး အယ်လ်ကိုင်ဒါနဲ့ ဆက်နွှယ်နေတဲ့ ခေါင်းဆောင်တယောက်ကို အမေရိကန်စစ်တပ်က သတ်ခဲ့တယ်လို့ အမေရိကန် ဗဟိုကွပ်ကဲရေးဌာန Centcom က ဇန်နဝါရီ ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံထဲက အမေရိကန်နိုင်ငံသားတွေအပေါ် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ ISIS စစ်သွေးကြွတွေရဲ့ ပြီးခဲ့တဲ့လက တိုက်ခိုက်မှုနဲ့ ဆက်စပ်နေပြီး အယ်လ်ကိုင်ဒါနဲ့ဆက်နွှယ်တဲ့ ခေါင်းဆောင် အယ်လ်ဂျာဆင်းကို အမေရိကန်စစ်တပ်က ဇန်နဝါရီ ၁၆ ရက်မှာ သတ်ခဲ့တယ်လို့ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနကကြေညာခဲ့တာပါ။
ဘီလယ်ဟာဆန်အယ်လ်ဂျာဆင်းဟာ ဆီးရီးယားနိုင်ငံ၊ ပါမိုင်ရာမြို့မှာ ဒီဇင်ဘာ ၁၃ ရက်က အမေရိကန်နဲ့ ဆီးရီးယားနိုင်ငံသားတွေကို သေဆုံးဒဏ်ရာရစေခဲ့တဲ့ ISIS သေနတ်သမားတယောက်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတယ်လို့လည်း ဗဟိုကွပ်ကဲရေးဌာနက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနောက်ပိုင်းမှာ အမေရိကန်တပ်ဖွဲ့တွေဟာ ဆီးရီးယားမှာ တိုက်ခိုက်ခဲ့ပြီး ISIS ပစ်မှတ် ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
Source: Reuters


