စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲနယ်ထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ တပ်ရင်း ၄ ရင်း ပူးပေါင်းထားတဲ့ Unity Column စစ်ကြောင်းရဲ့ သင်တန်းဆင်းပွဲနဲ့ စစ်ရေးပြအခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံဖြစ်ပြီး လုံခြုံရေးအရ ဇန်နဝါရီ ၁၈ ရက် ဒီကနေ့မှာမှ သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ယင်းမာပင်ခရိုင် အမှတ် ၆၊ ၁၀၊ ၁၂ နဲ့ ၃၈ တပ်ရင်းတို့ကို စစ်ကြောင်းတကြောင်းအဖြစ် စုဖွဲ့ခဲ့တာဖြစ်ပြီး NUG MOD ရဲ့ လမ်းညွှန်ချက်နဲ့အညီ ထုထည်ကြီးမားတဲ့စုဖွဲ့မှုတရပ် ဖြစ်ဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
Video : Unity Column





