Home
မြန်မာသတင်း
မန္တလေး၊ ပုသိမ်ကြီးမြို့အနီး ငလျင်လှုပ်
DVB
·
January 17, 2026
Photo : မိုး/ဇလ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နားမှာ ဇန်နဝါရီ ၁၇ ရက် ဒီနေ့လယ် ၁ နာရီ ၄၇ မိနစ်လောက်က ရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်တာဖြစ်ပြီး  မြေငလျင် တိုင်းတာစက်တွေက အသုံးပြုတဲ့ စကေးနဲ့ တိုင်းတာတဲ့နည်းလမ်းတို့အပေါ် မူတည်ပြီးတော့ ငလျင်အင်အားပမာဏ နည်းနည်းကွာခြားနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ မြေငလျင်သတင်းအမှတ်စဉ် ၂၆၄ အဖြစ်ထုတ်ပြန်လာပြီး မန္တလေးမြို့ရဲ့ အနောက်မြောက်ဘက် ၆ မိုင်လောက်အကွာမှာ မြေအောက်အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၈ ရစ်ချ်တာစကေးနဲ့ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013