
နေပြည်တော်မှာ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု နိုဝင်ဘာ ၁၈ ရက်က ထပ်မံလှုပ်ခဲ့တယ်လို့ မိုးလေဝသနနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ငလျင်ဟာ နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၄၂ မိနစ်မှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုချက်ယူပြီး လှုပ်ခဲ့တာပါ။
အင်အားအနေနဲ့ ၃ ရစ်ခ်ျတာစကေးအဆင့်သာ ရှိခဲ့ပေမဲ့ သိသာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုတခေါက်လှုပ်ခဲ့တဲ့ ငလျင်ဟာ မတ် ၂၈ ရက် ငလျင်ကြီးလှုပ်ပြီး ၂၄၄ ကြိမ်မြောက် လှုပ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် ဖြစ်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


