
မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဟာ ဟော်လန်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
နည်းပြရော်နယ်ကိုးမန်းရဲ့လက်အောက်မှာ တခြားနည်းပြအဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်း လုပ်ဆောင်ရမှာဖြစ်ပြီး လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ရည်မှန်းပြီး တာဝန် ပေးအပ်ခံခဲ့ရတာပါ။
ဟော်လန်တိုက်စစ်မှူးဟောင်းဟာ လက်စတာအသင်းကို နောက်ဆုံးတာဝန်ယူခဲ့ပြီး အဲဒီမတိုင်ခင်မှာ ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် ၄ ပွဲ တာဝန်ယူခဲ့ပါသေးတယ်။
လက်ရွေးစင်အသင်းမှာ လက်ထောက်နည်းပြအခန်းကဏ္ဍကနေ ပြန်လည်ပါဝင်ခွင့်ရတာက ဂုဏ်ယူစရာဖြစ်ပြီး အံ့ဖွယ်စိန်ခေါ်မှုဖြစ်ကြောင်း နစ္စတယ်ရွိုင်းက ပြောပါတယ်။
အထူးသဖြင့် ကမ္ဘာ့ဖလားလို ပြိုင်ပွဲအတွက်ရည်မှန်းပြီး တာဝန်ပေးအပ်ခံခဲ့ရတာက ပိုပြီး ဂုဏ်ယူစရာကောင်းကြောင်း နစ္စတယ်ရွိုင်းက ပြောပါတယ်။
နစ္စတယ်ရွိုင်းဟာ ဟော်လန်အတွက် စုစုပေါင်းပွဲ ၇၀ ကစားခဲ့ပြီး ၃၅ ဂိုးသွင်းယူခဲ့ပါတယ်။
Photo: Reuters


