
ပိုလန်နဲ့ သရေကျခဲ့တဲ့အပေါ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဟော်လန်နည်းပြ ရော်နယ်ကိုးမန်းက မကျေမနပ် ဖြစ်နေပါတယ်။
ဟော်လန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲဦးထွက်မှာ ဥရောပလိဂ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပေမဲ့ ပိုလန်အသင်းကို အိမ်ကွင်းမှာ တစ်ဂိုးစီသရေကျခဲ့တာပါ။
အင်တာမီလန်နောက်ခံလူ ဒမ်ဖရိုင်းစ်က ပွဲချိန် ၂၈ မိနစ်ကတည်းက ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ ဒုတိယပိုင်း ပွဲချိန်မိနစ် ၈၀မှာ ဗီလာနောက်ခံလူ မက်သီကတ်ရှ်က ပိုလန်အတွက် ချေပဂိုးသွင်းသွား တာပါ။
ဒုတိယဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့တာက ချေပဂိုးပေးဖို့ ဖြစ်လာစေခဲ့ပြီး ရလဒ်အပေါ် စိတ် ပျက်မိကြောင်း၊ ကစားသမားတွေအနေနဲ့လည်း ကိုယ်ကစားနေတဲ့နေရာတွေမှာ ပိုကောင်းဖို့နဲ့ ပိုပြီး မြန်နှုန်းမြင့်ကစားနိုင်ဖို့ လိုအပ်ခဲ့ကြောင်း နည်းပြရော်နယ်ကိုးမန်က ပြောပါတယ်။
ဟော်လန်ရဲ့ ပွဲထွက်လူစာရင်းမှာ ဒမ်ဖရိုင်းစ်၊ ဒီယောင်နဲ့ ဒီပေးတို့ကလွဲပြီး ပရီးမီးယားလိဂ်က ၈ ယောက်အထိ ပွဲထွက်ကစားခဲ့ပါတယ်။
Photo: Reuters


