
နစ္စတယ်ရွိုင်းကို နည်းပြချုပ်အဖြစ်ခန့်အပ်ကြောင်း လက်စတာအသင်းကတရားဝင်ကြေညာ သွားပါတယ်။
လက်စတာအသင်းဟာ နည်းပြစတိကူးပါကို ရာထူးကနေထုတ်ပယ်လိုက်ပြီးနောက် မန်ယူလက်ထောက်နည်းပြဟောင်း နစ္စတယ်ရွိုင်နဲ့ အစားထိုးခန့်အပ်ခဲ့တာပါ။
ဟော်လန်နဲ့ မန်ယူတိုက်စစ်မှူးဟောင်းဟာ လက်စတာနဲ့ ၂၀၂၇ ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လက်စတာနည်းပြချုပ်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် ဂုဏ်ယူမိသလို စိတ်လှုပ်ရှားဖြစ်မိကြောင်း နစ္စတယ်ရွိုင်းက ပြောပါတယ်။
ရုဒ်နစ္စတယ်ရွိုင်းရဲ့ အတွေ့အကြုံ၊ ဗဟုသုတနဲ့ နိုင်ပွဲဆာလောင်မှုတွေဟာ အသင်းကို အကျိုးရှိစေမှာဖြစ်ပြီး ပရိသတ်တွေအတွက် အောင်မြင်မှုတွေရယူနိုင်ဖို့ နည်းပြသစ်ကို ကူညီပေးသွားမှာဖြစ်ကြောင်း လက်စတာအသင်းဥက္ကဋ္ဌ အာယာဝက်က ပြောသွားပါတယ်။
Photo: Reuters


