မန်ချက်စတာယူနိုက်တက်အသင်းမှာ ထိပ်တန်းအဆင့်တိုက်စစ်မှူး တယောက် လိုအပ်ကြောင်း ယာယီနည်းပြ နစ္စတယ်ရွိုင်းက ပြောသွားပါတယ်။
ဥရောပနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့ဆိုရင် သွင်းဂိုးတွေ ပုံမှန် သွင်းပေးနိုင်တဲ့ တိုက်စစ်မှူးလိုအပ်တယ်ဆိုတာ သိသာထင်ရှားကြောင်း နစ္စတယ်ရွိုင်းက ပြောပါတယ်။
ဒါက ဘောလုံးမှာ သိသာထင်ရှားတဲ့အချက်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းတွေမှာ အဲဒီလို ထိပ်တန်းတိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားကြောင်း နည်းပြနစ္စတယ်ရွိုင်းက ပြောပါတယ်။
မန်ယူအသင်းမှာ လက်ရှိတိုက်စစ်မှူး ဟွိုက်လန်းနဲ ဇီယက်ဇီးတို့ ၂ ယောက်ပေါင်း သွင်းဂိုးက ၃ ဂိုးသာ ရှိပါတယ်။
အသင်းလိုက်ဂိုးသွင်းနှုန်းမှာလည်း ခရစ္စတယ်ပဲလေ့စ်နဲ့ ဆောက်သမ်တန်အသင်းတို့ပြီးရင် မန်ယူ အသင်းက သွင်းဂိုအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။