မန်ယူနည်းပြသစ် အာမိုရင်ဟာ ပရီးမီးယားလိဂ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ အရည်အချင်းတွေရှိကြောင်း ကွင်းလယ်လူ အူဂါတီက ပြောသွားပါတယ်။
အခုနှစ်ဘောလုံးရာသီအစက ပီအက်စ်ဂျီကနေ ပြောင်းရွှေ့လာတဲ့ အူဂါတီဟာ စပိုတင်းလစ္စဘွန်းမှာ နည်းပြ အာမိုရင်နဲ့ အတူလက်တွဲခဲ့ဖူးသူပါ။
လိဂ်ပြိုင်ပွဲ၊ နိုင်ငံအခြေအနေနဲ့ ဘောလုံးပတ်ဝန်းကျင်တွေ အပြောင်းအလဲကြောင့် နည်းပြ အာမိုရင်အတွက် စိန်ခေါ်မှုတခု ဖြစ်လာနိုင်ပေမဲ့ အဲဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်တဲ့ နည်းပြဖြစ်ကြောင်း ကွင်းလယ်လူ အူဂါတီက ပြောပါတယ်။
အူဂါတီဟာ စပိုတင်းလစ္စဘွန်းမှာ ရှိစဉ်က နည်းပြအာမိုရင်နဲ့အတူ ပေါ်တူဂီ ရှုံးထွက်ဖလား ရယူနိုင်ခဲ့ပြီး စုစုပေါင်း ၈၅ ပွဲ ကစားပေးခဲ့ပါတယ်။
Photo : Reuters