ရာထူးကထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြတန်ဟတ်ဂ်ဆီ ဖုန်းဆက်ပြီး တောင်းပန်ခဲ့တယ်လို့ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြောသွားပါတယ်။
ချဲလ်ဆီးနဲ့ တဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ဖာနန်ဒက်စ်က ပင်နယ်တီကနေတဆင့် အခုနှစ်ရာသီ ပရီးမီးယားလိဂ် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပြီးနောက်မှာ နည်းပြတန်ဟတ်ဂ်ဆီ ဖုန်းဆက် တောင်းပန်ခဲ့ကြောင်း ဖာနန်ဒက်စ်က ပြောခဲ့တာပါ။
နည်းပြတန်ဟတ်ဂ် ထုတ်ပယ်ခံခဲ့ရတာက စိတ်ပျက်စရာကောင်းပြီး ကူညီနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ မိမိကိုယ်တိုင်က ဂိုးမသွင်းနိုင်ခဲ့သလို အသင်းကလည်း ဂိုးမရခဲ့ကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။
စွမ်းဆောင်ရည် အားနည်းမှုတွေအတွက် အပြစ်ရှိသလို ခံစားရတာကြောင့် နည်းပြတန်ဟတ်ဂ်ဆီ ဖုန်းဆက်တောင်းပန်ခဲ့တာ ဖြစ်တယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။
မန်ယူဂန္ထဝင် ရွိုင်ကိန်းကတော့ ဖာနန်ဒက်စ်ရဲ့ တောင်းပန်မှုဟာ အလွန်နောက်ကျသွားပြီ ဖြစ်ကြောင်း ဝေဖန်သွားပါတယ်။