Home
အားကစား
မန်ယူက ပေးသည့် လုပ်ခထက်  ၃ ဆ ပေးသည့် အသင်း၏ကမ်းလှမ်းမှု လက်မခံခဲ့ဟု နည်းပြ အာမိုရင် ပြော
DVB
·
November 3, 2024
Photo - REUTERS/Pedro Nunes

မန်ယူအသင်းက ပေးတဲ့လုပ်ခထက် ၃ ဆပေးတဲ့ အသင်းတသင်းရဲ့ ကမ်းလှမ်းချက် ရရှိဖူးပေမဲ့ လက်မခံခဲ့ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။

စပို့တင်းအသင်းအပေါ် ချစ်မြတ်နိုးတဲ့ စိတ်ရှိတဲ့အကြောင်း ပြောကြားရာမှာ နည်းပြအာမိုရင်က ထည့်သွင်းပြောခဲ့တာပါ။

အရင်ကတည်းက မန်ယူအသင်းကပေးတဲ့ လုပ်ခထက် ၃ ဆပိုပေးတဲ့အသင်းရဲ့ ကမ်းလှမ်းချက်ရှိခဲ့ပေမဲ့ စပို့တင်း အသင်းကနေ မထွက်ခွာခဲ့ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။

စပို့တင်းအတွက် အရာအားလုံးပေးဆပ်ပြီး လုပ်ဆောင်ခဲ့ပြီး အသင်းတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေအပေါ် သံယောဇဉ်ရှိပေမဲ့  လက်ရှိအချိန်မှာတော ရွေးချယ်မှုတခု လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။

မန်ယူနည်းပြသစ် အာမိုရင်ဟာလာမယ့် နိုင်ငံတကာပွဲတွေပြီးချိန်မှ အသင်းနဲ့စတင် ပူးပေါင်း သွားဖို့ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013