မန်ယူအသင်းနည်းပြချုပ် အမြန်ဆုံးဖြစ်လာဖို့ စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်က မျှော်လင့်ထားပါတယ်။
ပေါ်တူဂီနည်းပြဟာ မန်ယူအသင်းနဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်ပေမဲ့ ကလပ်နှစ်သင်းကြားမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း အတည်ပြုထားပါတယ်။
ဒါပေမဲ့ အပြီးသတ် သဘောတူညီမှု ရဖို့က မလွယ်ကူသေးဘဲ မကြာခင်အချိန်မှာ အမြန်ဆုံး အပြီးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။
မန်ယူအသင်းဟာ နည်းပြ အာမိုရင်ကို ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး နောက်ထပ်တနှစ် ထပ်တိုးခွင့် သဘောတူညီချက် ပါဝင်တယ်လို့ သိရပါတယ်။
နည်းပြ အာမိုရင်ဟာ စပို့တင်းက နည်းပြအဖွဲ့ဝင် အားလုံးကိုလည်း ခေါ်ယူလာမယ်လို့ သိရပါတယ်။
Photo:Reuters