မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့မယ့် နည်းပြအာမိုရင်ကို သစ္စာဖောက်တဲ့သူလို့ စပို့တင်းလစ္စဘွန်းပရိသတ်တွေက ဝေဖန်ကြပါတယ်။
အသက် ၃၉ နှစ်ရှိ ပေါ်တူဂီနည်းပြကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူအသင်းက စာချုပ်ပါလျော်ကြေး ဖြစ်တဲ့ ပေါင် ၈ ဒသမ ၃၁ သန်း ပေးချေပြီး ခေါ်ယူခဲ့တာပါ။
စပို့တင်းဘက်က တရားဝင် သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာတော့ နည်းပြအာမိုရင်ကို သစ္စာဖောက်သူလို့ ဝေဖန်ခဲ့ကြတာပါ။
ဘဝမှာ သည်းခံနိုင်တဲ့ အချက်တွေရှိပေမဲ့ သစ္စာဖောက်သူတွေအတွက်တော့ မိမိက တန်ဖိုးထားမှာ၊ စာရင်းသွင်းမှာ မဟုတ်ကြောင်း ပရိသတ်တယောက်က ပြောပါတယ်။ စပို့တင်းဒုတိယဥက္ကဋ္ဌဟောင်း ဒီယက်ဇ်ဖာရီယာကတော့ အာမိုရင် ထွက်ခွာမှုဟာ သစ္စာမဲ့မှုတခုဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။
အာမိုရင်ဟာ ၂၀၂၀-၂၀၂၁ ရာသီက ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပေါ်တူဂီလိဂ်ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး မနှစ်ကရာသီကလည်း ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။