မန်ယူအသင်းဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြတန်ဟတ်ဂ် နေရာအတွက် ပေါ်တူဂီကလပ် စပို့တင်းနည်းပြ အာမိုရမ်နဲ့ အစားထိုးဖို့ သဘောတူညီမူရယူနိုင်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်တနေ့မှာပဲ နည်းပြတန်ဟတ်ဂ်ကို မန်ယူအသင်းက ထုတ်ပယ်ခဲ့တာပါ။
လက်ထောက်နည်းပြဖြစ်သူ နစ္စတယ်ရွိုင်းက အသင်းကို ယာယီကိုင်တွယ်သွားမှာဖြစ်ပြီး အမြဲတမ်းနည်းပြချုပ်အနေနဲ့ ပေါ်တူဂီနည်းပြ အာမိုရမ်ကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။
အသက် ၃၉ နှစ်ရှိ ပေါ်တူဂီနည်းပြ အာမိုရမ်ဟာ ၂၀၂၀ ပြည့်နှစ်က စပို့တင်းကို စတင်တာဝန်ယူခဲ့ပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပေါ်တူဂီ အမှတ်ပေးချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။