တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ မန်ယူအသင်းပရိသတ်တွေဟာ အိမ်ရှင် ဖီနာဘာချီအသင်း ပရိသတ် ၅၀ ကျော်ရဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။
ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်ဖြစ်တဲ့ ဖီနာဘာချီအသင်းနဲ့ပွဲစဉ် မတိုင်ခင် လမ်းမထက်မှာ မန်ယူပရိသတ်တွေ တိုက်ခိုက်ခံခဲ့ရတာပါ။
ပြိုင်ဘက်ပရိသတ် ၅၀ ကျော်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခံခဲ့ရပြီး လက်သီးနဲ့ အထိုးခံခဲ့ရသလို မန်ယူပရိသတ်တယောက်ဟာလည်း မြေပြင်ပေါ် လဲကျနေတာ တွေ့ရှိရကြောင်း မန်ယူပရိသတ်တယောက်က ပြောပါတယ်။
ပထမဆုံးလက်သီးတချက်မှာပဲ မန်ချက်စတာက အမှန်တကယ် အနီရောင်ဖြစ်သွားကြောင်း ဖီနာဘာချီ ပရိသတ်တယောက်က အင်စတာဂရမ်ပို့စ်တခုမှာ လှောင်ပြောင်ရေးသားခဲ့ပါတယ်။
ဒီနေရာဟာ အစ္စတန်ဘူလ် ဆိုပြီးတော့လည်း ဖီနာဘာချီ ပရိသတ်တွေက ဟစ်ကြွေးခဲ့ပါတယ်။ မန်ယူပရိသတ်တွေ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟာ ၂၀၀၀ ပြည့်နှစ်က ယူအီးအက်ဖ်အေ စူပါဖလား ဆီမီးဖိုင်နယ်မတိုင်ခင် ဂါလာတာစာရေး ပရိသတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လိဒ်ပရိသတ် ၂ ယောက် ကွယ်လွန်သွားခဲ့ရတဲ့နေရာနဲ့ တစ်ကီလိုမီတာပဲ ဝေးပါတယ်။