ချဲလ်ဆီးနဲ့ တဂိုးစီသရေကျတဲ့ပွဲစဉ်မှာ မန်ယူအသင်းနောက်ခံလူ မာတီနက်ဇ် ထုတ်ပယ်ခံရသင့်ကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။
ပွဲချိန် ၉၃ မိနစ်မှာ ကွင်းလယ်လူ ပါလ်မာကို နောက်ခံလူ မာတီနက်ဇ် ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာပါ။
အဲဒီဖြစ်ရပ်အပေါ် အဝါကတ်သာပြသခဲ့ပြီး တိုက်ရိုက်အနီကတ် ပြသသင့်တဲ့ ဖျက်ထုတ်မှု ဖြစ်ကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
ပါလ်မာဟာ ပွဲအပြီး အဝတ်လဲခန်းထဲမှာ ဒဏ်ရာကို ရေခဲကပ်ခဲ့ရပြီး ဒဏ်ရာကို စစ်ဆေးသွားရမှာဖြစ်ကြောင်း၊ ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်ကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
မာတီနက်ဇ်ဟာ ဘောလုံးကိုပဲ ဖျက်ထုတ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘဲ ခြေထောက်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ထုတ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ် ပြသင့်တယ်ဆိုတာ ရှင်းလင်းကြောင်း နည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။