မန်ယူနည်းပြချုပ်သစ် အာမိုရင်ရဲ့ လက်အောက်မှာ လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းရဲ့ အနာဂတ် မသေချာသေးဘူးလို့ သိရပါတယ်။
မန်ယူအသင်းဟာ နည်းပြတန်ဟတ်ဂ်လက်ထက်မှာ နစ္စတယ်ရွိုင်းကို ခေါ်ယူခဲ့တာဖြစ်ပြီး နည်းပြအာမိုရင်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ ရောက်လာချိန်မှာ အသင်းမှာ ဆက်ရှိမလားဆိုတာ မသေချာသေးဘဲ ဖြစ်နေတာပါ။
နည်းပြသစ်လက်ထက်မှာလည်း အသင်းကိုကူညီဖို့ အဆင်သင့်ရှိပြီး အနာဂတ်ကိစ္စနဲ့ ပတ်သက်လို့ လာမယ့် ရက်သတ္တပတ်အတွင်းမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ နည်းပြ နစ္စတယ်ရွိုင်းက ပြောပါတယ်။
မန်ယူအသင်းကို နည်းပြခွင့်ရတာက အထူးအခွင့်အရေးဖြစ်ပြီး အချိန်တိုင်းက ဂုဏ်ယူကျေနပ်စရာ ဖြစ်တယ်လို့ နစ္စတယ်ရွိုင်းက ပြောပါတယ်။