
စပါးတိုက်စစ်မှူး ရစ်ချာလီဆင်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၇ ပတ်ကြာအနားယူရ မယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ ဗီလာကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အသင်းရဲ့ပွဲစဉ် ၁၀ ပွဲထက်မနည်း လွဲချော်တော့မှာပါ။
ဒီအခြေအနေကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ စပါး အသင်းက ပြင်ဆင်နေပါတယ်။
စပါးအသင်းဟာ မက်ဒီဆန်နဲ့ ကူလူဆက်စကီးတို့က ကာလရှည် အနားယူနေရသလို အားထားရတဲ့ ကူဒက်စ်ဟာလည်း ဒဏ်ရာရရှိသွားတာကြောင့် အက်သလက်တီကို ကွင်းလယ်လူ ဂယ်လဂါကို ပေါင် ၃၅ သန်းဝန်းကျင်နဲ့ ခေါ်ယူထားပါတယ်။
ရစ်ချာလီဆင် ၁၀ ပွဲလောက် လွဲချော်မဲ့အခြေအနေက နောက်ဆုံး ၇ ပွဲမှာ ၄ ပွဲရှုံးနိမ့်ပြီး ဖိအားများနေတဲ့ နည်းပြသောမက်စ်ဖရန့်ခ်အတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်။
Photo: Reuters


