
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ဥက္ကဋ္ဌ လီဗီဟာ ရာထူးတာဝန်ကနေ နုတ်ထွက်သွာ့းပြီလို့ Sky Sport က စက်တင်ဘာ ၄ ရက် ရက်စွဲနဲ့ ဖော်ပြပါတယ်။
လီဗီဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက လန်ဒန်ကလပ်အသင်းရဲ့ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်ပါတယ်။
အဲဒီလို နုတ်ထွက်လိုက်ပေမဲ့ စပါးရဲ့ အဓိက ရှယ်ယာရှင်တွေဖြစ်တဲ့ လူးဝစ်မိသားစုဟာ သူတို့ပိုင်တဲ့ ရှယ်ယာတွေကို ရောင်းချမှာမဟုတ်ဘူးလို့ Sky sport က ဖော်ပြပါတယ်။
ဒါပေမဲ့ တဘက်မှာလည်း လီဗီနုတ်ထွက်တဲ့နောက် သူ့ရဲ့ မိတ်ဖက်ဖြစ်တဲ့ လူးဝစ်မိသားစုဟာ သူတို့ပိုင်တဲ့ ရှယ်ယာတွေကို ရောင်းနိုင်ခြေရှိတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေပေမဲ့ ဒါက ဘောလုံးလောကမှာဖြစ်လေ့ရှိတဲ့ သဘောပဲလို့ Sky Sport က ဆိုပါတယ်။
လီဗီနုတ်ထွက်တာဟာ စပါးအသင်းအတွက် ဥရောပပြိုင်ပွဲတွေမှာ ရေရှည်အောင်မြင်မှုရဖို့ ဆုံးဖြတ်ချက်ချခဲ့တာလို့ Sky Sports News ဆိုပါတယ်။
ဒီမတိုင်ခင်မှာလည်း စပါးပရိတ်သတ်တချို့က လီဗီနုတ်ထွက်ဖို့ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ စပါးအသင်းဟာ လက်ရှိမှာ ယူရိုပါလိဂ်ချန်ပီယံဖြစ်သလို ဥရောပချန်ပီယံ လိဂ်ဝင်ခွင့်လည်း ရထားပါတယ်။
Photo:Reuters


