Home
အားကစား
ဥရောပစူပါဖလားတွင် စပါးအသင်းကို အနိုင်ယူပြီး ပီအက်စ်ဂျီအသင်း ပထမဆုံးအကြိမ် ချန်ပီယံဖြစ်
DVB
·
August 14, 2025
Photo: Reuters

သြဂုတ် ၁၅ ရက် မနက်က ယှဉ်ပြိုင်သွားတဲ့ ဥရောပစူပါဖလားမှာ ပီအက်စ်ဂျီက စပါးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ပထမဆုံးအကြိမ် ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

စပါးအသင်းက နောက်ခံလူ ၂ ယောက်ဖြစ်တဲ့ ဗန်ဒီဗန်နဲ့ ရိုမဲရိုးတို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမဲ့ ပီအက်စ်ဂျီက ပွဲချိန် ၈၅ မိနစ်နဲ့ ၉၄ မိနစ်တွေမှာ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့တာပါ။

တဖက် ၂ ဂိုးစီ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာ ပီအက်စ်ဂျီက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားတာပါ။

မနှစ်ကရာသီက ဥရောပချန်ပီယံလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ရယူပြီးနောက် ယူရိုပါလိဂ်ချန်ပီယံ စပါးအသင်းကို အနိုင်ယူပြီး သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပစူပါဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024