မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းရွာကို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတခုက ဇန်နဝါရီ ၁၅ ရက် နေ့ မနက်မှာ ဝင်ရောက် မီးရှို့သွားလို့ လူနေအိမ်ခြေ ၃၀ ကျော်နဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေပါ မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ အင်အား ၂၀၀ လောက်နဲ့ ပခုက္ကူမြို့ကနေ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းလို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ စစ်ကြောင်းစဝင်လာလာချင်းတော့ ရွာရှိလူကုန်ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်။ သူတို့ရွာကို မီးရှို့တာကိုလည်း ရွာအပြင်ကနေ ကြည့်နေကြရတယ်။ သူတို့ထွက်သွားတော့မှ ရွာထဲပြန်ဝင် မီးငြှိမ်းသတ်ရတယ်။ တောင်သူကြီးတွေရဲ့အိမ်တွေကို ရွေးပြီး မီးရှို့သွားတာ။ အိမ်ခြေ ၃၀ ကျော် မီး လောင်တယ်။ နောက်ပြီး စာသင် ကျောင်းရော၊ ဘုန်းတော်ကြီး ကျောင်းပါမကျန် မီးရှို့သွားတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းက ကိုင်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် တခြားရွာတရွာကို ဆက်လက်ထွက်ခွာသွားပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “ရွာကိုမီးရှို့သွားတာဟုတ်တယ်ဗျ။ စစ်ကြောင်းက အခု နောက်ဆုံးကင်းရွာကိုဘက်ကို ရောက်သွားပြီ။ ပခုက္ကူဘက်ကို ပြန်မဲ့သဘောရှိပါတယ်”လို့ ပြောပါတယ်။
ကိုင်းရွာဟာ အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး ရွာသားတွေကတော့ စစ်တပ်က ရွာကို မီးရှို့ခဲတာကြောင့် နေရပ်မပြန်ရဲကြသေးဘဲ ဘေးလွတ်ရာကို စစ်ရှောင်နေကြဆဲ ဖြစ်ပါတ












