
အစ္စရေးနိုင်ငံဆီ မဖြစ်မနေ လိုအပ်လို့ သွားတာကလွဲလို့ အတတ်နိုင်ဆုံး ခရီးမသွားကြဖို့ ဗြိတိန်အစိုးရက ဇန်နဝါရီ ၁၄ ရက်မှာ အကြံပြုထားပါတယ်။
အစ္စရေးနိုင်ငံရဲ့ တချို့ဒေသတွေကိုသာ ခရီးမသွားဖို့ သတိပေးထားတဲ့ အရင်အကြံပေးချက်ကို ဗြိတိန်အစိုးရက ပြန်ပြင်ဆင်ခဲ့တာပါ။
“ဒေသတွင်း တင်းမာမှုအန္တရာယ် မြင့်မားနေတယ်။ တင်းမာမှုမြင့်တက်လာခြင်းဟာ ခရီးသွားလာမှု အနှောင့်အယှက်နဲ့ တခြား မမျှော်လင့်ထားတဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်တယ်” လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ခရီးသွားအကြံပေးချက် စာမျက်နှာမှာ အချက်အလက်သစ် ရေးသား တင်ပြထားပါတယ်။
နိုင်ငံခြားရေး၊ ဓနသဟာယရေးနဲ့ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ အစ္စရေးနဲ့ ပါလက်စတိုင်းဒေသတွေဆီ ခရီးသွားလာခြင်း အားလုံးကို မလုပ်ဖို့ ဆက်လက် အကြံပြုထားပါတယ်။
Source: Reuters


