Home
နိုင်ငံတကာ
အမေရိကန် လေယာဉ်များနှင့် အထူးတပ်ဖွဲ့ ရဟတ်ယာဉ်များ အင်္ဂလန်သို့ရောက်ရှိ
DVB
·
January 8, 2026
Photo: REUTERS / GIRLSTHATLOVEPLANES VIA YOUTUBE / MILITARY AVIATION CHANNEL VIA YOUTUBE

အမေရိကန်လေယာဉ်တွေနဲ့ အထူးတပ်ဖွဲ့ ရဟတ်ယာဉ်တွေဟာ အင်္ဂလန်မှာရှိတဲ့ တော်ဝင်လေတပ်စခန်းတွေဆီ ရောက်လာခဲ့ပါတယ်။

ရုရှားရေငုပ်သင်္ဘောတစင်း နောက်ယောင်ခံလိုက်နေပြီး ရုရှားအလံလွှင့်ထူထားတဲ့ ရေနံတင်သင်္ဘော တစင်းကို အမေရိကန်က ဇန်နဝါရီ ၇ ရက်မှာ သိမ်းယူခဲ့တဲ့ စစ်ဆင်ရေးမတိုင်မီ ရက်တွေအတွင်း ရောက်ရှိလာတာပါ။

အမေရိကန်ရဲ့ အကူအညီတောင်းခံမှုအပြီး ဗြိတိန်က သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အခြေခံစခန်းချခြင်း အပါအဝင် ကြိုတင်စီစဉ်ထားတဲ့ စစ်ဆင်ရေးပံ့ပိုးမှုတွေကို ပေးခဲ့တယ်လို့ ပြောပါတယ်။

ရိုက်တာသတင်းဌာနက အတည်ပြု ထုတ်လွှင့်ထားတဲ့ ဗီဒီယိုထဲမှာ ဇန်နဝါရီ ၄ ရက်က အမေရိကန် စစ်ဘက်လေယာဉ်တွေ အင်္ဂလန်က RAF မီလ်ဒန်ဟောလ် လေတပ်အခြေစိုက်စခန်းမှာ ဆင်းသက်နေတာကို ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့က ရိုက်တာသတင်းဌာနရဲ့ ဗီဒီယိုထဲမှာ RAF ဖဲရ်ဖို့ဒ် လေတပ်စခန်းမှာ လေယာဉ်အမှုထမ်းတွေနဲ့အတူ အမေရိကန်ရဲ့ V-22 အော့စ်ပရေး ရဟတ်ယာဉ်တစင်းကို ပြထားပါတယ်။

တပ်ဖြန့်ချထားမှုရဲ့ အတိုင်းအတာက အံ့မခန်းပဲလို့ The Aviationist သတင်းဌာနရဲ့ စစ်ဘက်လေကြောင်းသတင်းထောက် ခိုက်ဂရိက ပြောပါတယ်။

“ကျနော်တို့ သိသလောက်တော့ ဒါဟာ ရှားရှားပါးပါး လေ့ကျင့်ရေး လေ့ကျင့်ခန်းတွေအပြင် UK ကို ဒီရဟတ်ယာဉ်တွေ ပထမဆုံးအကြိမ် စေလွှတ်တာပါ” လို့ သူက ဆက်ပြောပါတယ်။

အမေရိကန် ကမ်းခြေစောင့်တပ်ဟာ ပြီးခဲ့တဲ့လက သင်္ဘောကို ပထမဆုံး ကြားဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ သင်္ဘောပေါ်ကို တက်ဖို့ ငြင်းခဲ့တာပါ။

အဲဒီအချိန်မှာ သင်္ဘောဟာ ရုရှားအလံနဲ့ မှတ်ပုံတင်ခဲ့ပြီး နာမည်ပြောင်းပြီးသား ဖြစ်နေပါတယ်။

ဒီသင်္ဘောဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားအပေါ် ဖိအားပေးလှုပ်ရှားမှု စတင်ပြီးကတည်းက အမေရိကန် ကမ်းခြေစောင့်တပ်က ပစ်မှတ်ထားခံရတဲ့ နောက်ဆုံး ရေနံတင်သင်္ဘော ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013