
ဆီးရီးယားနိုင်ငံထဲက အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ရဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ ပြင်သစ်နဲ့ ဗြိတိန်လေတပ်တွေဟာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းမှာ ပူးတွဲစစ်ဆင်ရေးတရပ် ဆင်နွှဲခဲ့ပါတယ်။
ဒီနေရာဟာ အရင်က အိုင်အက်စ်အဖွဲ့က သုံးခဲ့တယ်လို့ သံသယရှိတဲ့ မြေအောက်လက်နက် သိုလှောင်ရုံတခုလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့တွေက ပေးတဲ့ ဗီဒီယိုဖိုင်ထဲမှာ ရာဖေးလ်တိုက်လေယာဉ်တွေ ပျံတက်နေပုံနဲ့ ပစ်မှတ်ထားတဲ့ နေရာတွေမှာ ပေါက်ကွဲနေပုံတွေကို ပြသထားပါတယ်။
အကြမ်းဖက်ဝါဒကို တိုက်ဖျက်တာဟာ ပြင်သစ်နဲ့ မဟာမိတ်နိုင်ငံတွေအတွက် ဦးစားပေးအဖြစ် ရှိနေဆဲပဲလို့ ပြင်သစ်စစ်တပ်က လူမှုမီဒီယာပလက်ဖောင်း X မှာ ပြောထားပါတယ်။
အိုင်အက်စ်အဖွဲ့ ပြန်ပေါ်လာတာကို ကာကွယ်တားဆီးတာဟာ ဒေသတွင်း လုံခြုံရေးအတွက် အဓိကစိန်ခေါ်မှုအဖြစ်လည်း ပြင်သစ်စစ်တပ်က ဖော်ပြထားပါတယ်။
Source: Reuters


