Home
နိုင်ငံတကာ
တရုတ်တွင် တကိုယ်ရေသမားများအတွက် မိုဘိုင်းအက်ပ် ရေပန်းစား
DVB
·
January 15, 2026
Photo: REUTERS/Tingshu Wang/Illustration

တရုတ်နိုင်ငံမှာ တယောက်တည်း နေထိုင်သူတွေအတွက် ရည်ရွယ်ထားတဲ့ “Are you dead” (မင်း သေပြီလား) အမည်ရှိ အက်ပ်တခုဟာ ဒေါင်းလုဒ်ပြုလုပ်သူ အဆမတန် များပြားလာပြီး လူမှုကွန်ရက်ပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် မှတ်ချက်ပေးမှုတွေ များပြားလာနေပါတယ်။

အခုလို လူကြိုက်များလာမှုကြောင့် ကုမ္ပဏီဟာ အခကြေးငွေ ပေးသွင်းရတဲ့စနစ်ကို စတင်မိတ်ဆက်ခဲ့ပြီး နိုင်ငံတကာ အသုံးပြုသူတွေအတွက် အက်ပ်အမည်ကို “ဒမူးမူး” လို့ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

တရုတ်ဘာသာနဲ့ စီလမား အမည်ရှိ အက်ပ်ကို အင်္ဂလိပ်ဘာသာနဲ့ “မင်း သေပြီလား” လို့ အဓိပ္ပာယ်ရတဲ့ ဒီအက်ပ်ကို ကျောင်းသားတွေကအစ တကိုယ်တော် ရုံးလုပ်သားတွေ သို့မဟုတ် “တယောက်တည်းနေထိုင်တဲ့ လူနေမှုဘဝကို ရွေးချယ်ထားသူတိုင်းအတွက် ရည်ရွယ်ဖန်တီးထားတဲ့ ပေါ့ပေါ့ပါးပါး ဘေးကင်းရေးကိရိယာတခုအဖြစ် ထုတ်လုပ်ထားတာဖြစ်ကြောင်း” အက်ပ် ဖန်တီးမှုအဖွဲ့က ပြောပါတယ်။

အက်ပ်ဟာ အရေးပေါ်အဆက်အသွယ် တယောက်ယောက်ကို ထည့်သွင်းသတ်မှတ်ထားဖို့ လိုအပ်ပြီး အသုံးပြုသူဘက်က အက်ပ်အတွင်းကို ဝင်ရောက်တာ ရက်ဆက် ပျက်ကွက်နေတယ် ဆိုရင် အဲဒီ အဆက်အသွယ်ပုဂ္ဂိုလ်ဆီကို အလိုအလျောက် အကြောင်းကြားစာတွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ တကိုယ်တည်းနေ အိမ်ထောင်စုပေါင်း သန်း ၂၀၀ အထိ ရှိနိုင်ပြီး တကိုယ်တည်းနေထိုင်မှုနှုန်း ၃၀ ရာခိုင်နှုန်း ကျော်လွန်နေကြောင်း နိုင်ငံပိုင်သတင်းစာ Global Times က ဖော်ပြထားပါတယ်။

ကုမ္ပဏီဟာ မကြာခင် ထွက်ရှိမဲ့ သူ့ရဲ့ ဗားရှင်းအသစ်မှာ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ် ဒမူးမူး ကို မိတ်ဆက်မှာဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်မှာ စီလမားက သူ့ရဲ့ တရားဝင် ဝေးဘိုး လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒီအက်ပ်ကို Apple ရဲ့ အခကြေးငွေပေးသုံးရတဲ့ App များစာရင်းမှာ ဒမူးမူး နာမည်နဲ့ ဖော်ပြထားပါတယ်။

ဒမူးမူး အက်ပ်ဟာ ဒီသီတင်းပတ် အစောပိုင်းမှာ ထိပ်ဆုံးနေရာကို ရောက်ရှိပြီးနောက် လက်ရှိ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013