
ရုရှားနဲ့ စစ်ပွဲ ၄ နှစ်ပြည့်ခါနီးမှာ ယူကရိန်းအစိုးရရဲ့ နည်းပညာ ဆန်းသစ်တီထွင်မှုပညာရှင် မိုင်ခေးလိုး ဖယ်ဒိုရော့ဗ်ကို ယူကရိန်းလွှတ်တော်က ဇန်နဝါရီ ၁၄ ရက်မှာ နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ် ဖယ်ဒိုရော့ဗ်ဟာ အရင်က ဒုတိယဝန်ကြီးချုပ်နဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်အတွက် ယူကရိန်း အဆင့်မြင့်နည်းပညာ တုံ့ပြန်မှုကို ပုံဖော်ရာမှာ အဓိကအခန်းကဏ္ဍကနေ သူက ပါဝင်ခဲ့ပါတယ်။
အထူးသဖြင့် စတားလင့်ခ် စက်ခလုတ်ခုံတွေကို ဖြန့်ကြက်ခြင်းအားဖြင့် ရှေ့တန်းမှာရှိတဲ့ ယူကရိန်းတပ်ဖွဲ့တွေအတွက် ချိတ်ဆက်မှုတွေ တိုးတက်ကောင်းမွန်အောင် ကူညီပေးခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေအပေါ် အများဆုံး ပျက်စီးဆုံးရှုံးအောင် ရည်ရွယ်တဲ့ ‘drone line’ လို့ခေါ်တဲ့ ကာကွယ်ရေးလိုင်းတခုကို ဖန်တီးရာမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ တပ်မတော်ကို ဒစ်ဂျစ်တယ်စနစ်ဆီ ပြောင်းလဲခြင်း၊ ဒရုန်းနဲ့ ဉာဏ်ရည်တုသုံးမှု တိုးမြှင့်ဖို့နဲ့ နည်းပညာကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သုံးဖို့ကို အာရုံစိုက်မယ်လို့လည်း ဖယ်ဒိုရော့ဗ်က ပြောခဲ့ပါတယ်။
Source: Reuters


