
ရုရှားနိုင်ငံက လုခ်အွိုင်း ရေနံကုမ္ပဏီပိုင် ကက်စပီယန်ပင်လယ်က ရေနံတူးဖော်ရေး ပလက်ဖောင်း ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဆိုတဲ့ ဒရုန်းမြင်ကွင်း ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းစစ်တပ်က V. ဖီလန်နော့ဗ်စကီ၊ ယူရီ ကော်ချဂင်နဲ့ ဗလာရီ ဂရေဖာ ရေနံတူးစင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ရုရှားသိမ်းပိုက်ရေးတပ်မတော်ကို ပံ့ပိုးဖို့ ဒီ အခြေခံအဆောက်အအုံတွေကို သုံးနေတယ်၊ တိုက်ရိုက်တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ထားပြီး ပျက်စီးဆုံးရှုံးမှု ပမာဏကို အကဲဖြတ်နေတယ်လို့ ယူကရိန်းစစ်တပ်က မှတ်ချက်ပြုခဲ့ပါတယ်။
Source: Reuters


