Home
နိုင်ငံတကာ
NATO အဖွဲ့ကို အမြဲထောက်ခံရပ်တည်ဟု ထရမ့်ပ် ပြော
DVB
·
January 8, 2026
Photo: Reuters

အမေရိကန်က မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ကို အမြဲတမ်း ထောက်ခံမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက အဖွဲ့ဝင်တနိုင်ငံ ဖြစ်နေသရွေ့ ရုရှားနဲ့ တရုတ်တို့က NATO မဟာမိတ်အဖွဲ့ကို ကြောက်ရွံ့ကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။

“NATO က ကျနော်တို့အတွက် မရှိနေရင်တောင် ကျနော်တို့က NATO အတွက် အမြဲရှိနေမှာပါ” လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်ပေါ်မှာ ပြောခဲ့တာပါ။

ထရမ့်ပ်နဲ့ အစိုးရအရာရှိတွေဟာ မကြာသေးမီက ဂရင်းလန်းကို သိမ်းဖို့ ခြိမ်းခြောက်တာတွေ အများကြီးလုပ်ခဲ့ပြီး NATO အဖွဲ့ဝင် ဒိန်းမတ်နိုင်ငံနဲ့ တင်းမာမှုတွေ သိသိသာသာ မြင့်တက်စေခဲ့ပါတယ်။

ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်နဲ့ ဒိန်းမတ် ခေါင်းဆောင်တွေက ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ ဂရင်းလန်းနဲ့ပတ်သက်လို့ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး တရက်အကြာမှာ ထရမ့်ပ်က လူမှုမီဒီယာမှာ ခုလို မှတ်ချက်တွေကို ပြောခဲ့တာပါ။

ဂရင်းလန်းဟာ ပြည်သူပိုင်ဖြစ်ပြီး NATO မဟာမိတ်ဖြစ်တဲ့ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့ကသာ သူတို့နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆုံးဖြတ်ဖို့ တာဝန်ရှိတယ်လို့ EU ကလည်း အလေးပေး ပြောခဲ့ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ တခြားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အမေရိကန် ဦးဆောင်မှု လိုအပ်တဲ့ ဘက်စုံမဟာမိတ်အဖွဲ့အတွက် စစ်ရေးအသုံးပြုမှု အပါအဝင် ဂရင်းလန်းကို ရယူဖို့ “ရွေးချယ်စရာ အများအပြား” ကို စဉ်းစားနေတယ်လို့ အိမ်ဖြူတော်က ဇန်နဝါရီ ၆ ရက်မှာ ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013