
အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာမပေးတဲ့ နိုင်ငံစာရင်းမှာ ဘရာဇီးအပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင် ၁၅ နိုင်ငံအထိ ပါဝင်နေပါတယ်။
အဆိုပါနိုင်ငံတွေက ကစားသမားတွေနဲ့ အသင်းတာဝန် ရှိသူတွေကို ဗီဇာပေးမှာဖြစ်ပေမဲ့ ပရိသတ်တွေကိုတော့ အမေရိကကို လာရောက်ကြည့်ရှုခွင့် ပိတ်ပင်ခဲ့တာပါ။
သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်အရ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာမပေးနိုင်တဲ့နိုင်ငံ ၇၅ နိုင်ငံအ ထိရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေက ပရိသတ်တွေကိုပါ ပြည်ဝင်ခွင့်ပြုမှာမဟုတ်တဲ့ အခြေအနေက ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ပရမ်းပတာအခြေအနေတခုဖြစ်ကြောင်း မီဒီယာတွေ ကထောက်ပြကြ ပါတယ်။
အမေရိကပြည်ဝင်ခွင့်မပေးတဲ့ ပရိသတ်တွေထဲမှာ ဘရာဇီးနိုင်ငံသားတွေလည်း ပါဝင်ပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းတသင်းရဲ့ ပရိသတ်တွေဟာ အမေရိကန်နိုင်ငံဆီ သွားရောက်ကြည့်ရူနိုင်မှာ မဟုတ်ပါဘူး။
စကော့တလန်ပါဝင်နေတဲ့အုပ်စုမှာ ဘရာဇီး၊ မော်ရိုကိုနဲ့ ဟေတီပရိသတ်တွေ ဗီဇာရကြမှာမဟုတ်လို့ စကော့တလန်ပရိသတ်တွေပဲ ကွင်းထဲမှာ အများဆုံးရှိနေ နိုင်ပါတယ်။
တာဝန်ရှိသူတချို့ကလွဲပြီး ဗီဇာမပေးတဲ့ တခြားကမ္ဘာ့ဖလားပြိုင်ပွဲဝင်နိုင်ငံတွေက အယ်လ်ဂျီးရီး ယား၊ ကိတ်ဗာဒီ၊ ကိုလံဘီယာ၊ အိုင်ဗရီကို့စ်၊ အီဂျစ်၊ ဂါနာ၊ အီရန်၊ ဂျော်ဒန်၊ ဆီနီဂေါ၊ တူနီးရှား၊ ဥရုဂွေးနဲ့ ဥဇဘက်ကစ္စတန်အသင်းတွေလည်း ပါဝင်ပါတယ်။
Photo: Reuters


