
အမေရိကန်ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့ဝင် ဖယ်ဒရယ်အေးဂျင့်တွေက ရေနေးဂွဒ်ကို အသေပစ်ခတ်အပြီး တပတ်နီးပါးအကြာ ဇန်နဝါရီ ၁၃ ရက်မှာ စိန့်ပေါလ်နဲ့ မင်နီယာပိုလစ်မြို့တွေမှာ ဖက်ဒရယ်အေးဂျင့်တွေနဲ့ ဆန္ဒပြသူတွေ ပဋိပက္ခဖြစ်ခဲ့ပြီး ပြည်ထောင်စု အဆောက်အအုံ အပြင်ဘက်နဲ့ အသိုက်အဝန်းတွေထဲမှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။
စိန့်ပေါလ်မြို့က ဝှစ်ပယ် ပြည်ထောင်စုအဆောက်အအုံမှာ ဆန္ဒပြသူတွေက အော်ဟစ်ပြီး ဖက်ဒရယ် အေးဂျင့်တွေကို ရင်ဆိုင်ခဲ့ကြချိန်မှာ ဖက်ဒရယ်အေးဂျင့်တွေက လျှပ်တပြက် ပစ်ခတ်ခဲ့ပါတယ်။
အာဏာပိုင်တွေက ထိပ်တိုက်ရင်ဆိုင်မှုအတွင်း အမျိုးသမီးတယောက်ထက် မနည်းကို ဖမ်းဆီးခဲ့ပါတယ်။
မင်နီယာပိုလစ်မြို့မှာ ပဋိပက္ခတွေဖြစ်ခဲ့ပြီး ဖက်ဒရယ်အေးဂျင့်တွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်း ဘောလုံးတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။
ဆန္ဒပြသူတယောက်ဖြစ်တဲ့ မင်နီယာပိုလစ်မြို့ဇာတိ၊ စစ်ပြန် ကယ်လီ ဂရဒ်က “ဒီမှာ မရပ်တည်ဘဲ မှားတယ်လို့ ပြောရတာ ရှက်စရာပါပဲ။ ဒါက ဒီမိုကရေစီရဲ့ အစိတ်အပိုင်းတခုပါ” လို့ ပြောပါတယ်။
Source: Reuters


