
ပေါ်တူဂီနိုင်ငံတဝန်းက မြို့အသီးသီးမှာ အလုပ်သမားသမဂ္ဂတွေ ဇန်နဝါရီ ၁၃ ရက်က စုဝေးခဲ့ကြပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ထိခိုက်စေလိမ့်မယ်ဆိုတဲ့ အလုပ်သမား ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
လစ္စဘွန်းမြို့က ဆန္ဒပြသူတွေဟာ လူးဝီစ် ကားမွိုင်းစ် ရင်ပြင်ကနေ လွှတ်တော်ဆီ ချီတက်လာချိန်မှာ အလုပ်သမားဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို ကန့်ကွက်တယ်လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။
အလုပ်သမားဥပဒေတွေ၊ အစီအမံတွေဟာ အလုပ်အကိုင်မလုံခြုံမှုနဲ့ အခြေခံအားဖြင့် ဆရာတွေရဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေ ပိုဖြစ်စေလိမ့်မယ်လို့ ဆန္ဒပြသူ ကျောင်းဆရာ မန်နျူရယ် နိုဘရီက ပြောပါတယ်။
လူနည်းစုဖြစ်တဲ့ ဗဟိုလက်ယာအစိုးရက အခုအပြောင်းအလဲဟာ ထုတ်လုပ်မှုတိုးမြှင့်ဖို့နဲ့ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး အရင်က အဆိုပြုထားတဲ့ အပြောင်းအလဲတွေ ဖြစ်ပြီး အလုပ်သမားဥပဒေ ပုဒ်မ ပိုဒ်ခွဲ ၁၀၀ ကျော်ကို ပြင်ဆင်ထားတာလို့ ပြောပါတယ်။
အလုပ်သမားသမဂ္ဂတွေကတော့ စီးပွားရေးခိုင်မာမှုနဲ့ အလုပ်လက်မဲ့နှုန်း နည်းပေမဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်စေပြီး အလုပ်ရှင်တွေဘက်ကို အာဏာ ယိမ်းယိုင်စေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
အင်္ဂါနေ့ ဆန္ဒပြပွဲကို ပေါ်တူဂီနိုင်ငံရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂတွေထဲက တခုဖြစ်တဲ့ CGTP ကနေ လှုံ့ဆော်ခဲ့တာပါ။
ဒီသမဂ္ဂဟာ ဒီဇင်ဘာလတုန်းကလည်း ရထားဝန်ဆောင်မှုတွေကို ရပ်တန့်ဖို့၊ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းဖို့နဲ့ ကျောင်းတွေပိတ်ဖို့ တောင်းဆိုခဲ့ဖူးပါတယ်။
Source: Reuters


