Home
နိုင်ငံတကာ
ထရမ့်ပ်က ဗင်နီဇွဲလားသမ္မတအဖြစ် ပြုပြင်ထားသည့်ပုံကို လူမှုကွန်ရက်တွင် မျှဝေ
DVB
·
January 12, 2026
Photo: TruthSocial

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ကိုယ်သူ "ဗင်နီဇွဲလား ယာယီသမ္မတ" အဖြစ် ဖော်ပြထားတဲ့ ပြုပြင်ဖန်တီးထားတဲ့ ပုံတပုံကို Truth Social လူမှုကွန်ရက်မှာ မျှဝေလိုက်ပါတယ်။

Wikipedia စာမျက်နှာပုံစံ တည်းဖြတ်ထားတဲ့ အဲဒီဓာတ်ပုံမှာ သူ့ရာထူးကို အမေရိကန်သမ္မတအပြင် ၂၀၂၆ ဇန်နဝါရီလကစပြီး ဗင်နီဇွဲလား ယာယီသမ္မတလို့ပါ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ ကျူးဘားသမ္မတဖြစ်တယ်လို့ နောက်ပြောင်ထားတဲ့ ပို့စ်ကိုလည်း ထရမ့်ပ်က သဘောတူတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီ ၁၁ ရက်က အဲဖို့စ်ဝမ်းလေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားရာမှာတော့ ဗင်နီဇွဲလား ခေါင်းဆောင်ပိုင်းနဲ့ အဆင်ပြေနေတယ်လို့ ထရမ့်ပ်က ဆိုပါတယ်။

ယာယီသမ္မတ ဒဲလ်စီရိုဒရီဂွက်ဇ်နဲ့ တွေ့ဆုံသွားမယ်လို့ ပြောကြားခဲ့သလို အမေရိကန်ကို ဒေါ်လာ ၄ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ရေနံတွေ ပို့ဆောင်နေပြီလို့လည်း အတည်ပြုပါတယ်။

ဒါပေမဲ့ ရေနံလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ Exxon Mobil စီအီးအို ဒါးရင်းဝုဒ်စ်က ဥပဒေမပြင်ရင် ဗင်နီဇွဲလားမှာ ရင်းနှီးမြှုပ်နှံဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အဲဒီမှတ်ချက်ကို သဘောမကျတဲ့အတွက် ဗင်နီဇွဲလားမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ Exxon Mobil ကို တားမြစ်ကောင်း တားမြစ်နိုင်တယ်လို့ ထရမ့်ပ်က သတိပေးလိုက်ပါတယ်။ Exxon ကုမ္ပဏီဟာ အရမ်းဖြူစင်ရိုးသားဟန် ဆောင်နေတယ်လို့လည်း ထရမ့်ပ်က ဝေဖန်သွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013