
ဗင်နီဇွဲလားရေနံလုပ်ငန်းမှာ အနည်းဆုံး ဒေါ်လာ ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရေနံကုမ္ပဏီတွေကို တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ အက်ဆန် ရေနံကုမ္ပဏီ စီအီးအို ဒါရန်ဝုဒ် ကတော့ ဗင်နီဇွဲလားနိုင်ငံဟာ လက်ရှိအချိန်မှာ ရင်းနှီးမြှုပ်နှံလို့ မရသေးဘူးလို့ ပြောပါတယ်။
ထရမ့်ပ်နဲ့ အမေရိကန် ရေနံကုမ္ပဏီ အကြီးအကဲတွေ တွေ့ဆုံခဲ့ကြပြီး ဗင်နီဇွဲလားနိုင်ငံမှာ စွမ်းအင်အရင်းအမြစ်တွေနဲ့ အခွင့်အရေးကောင်းတွေ အများကြီးရှိတယ် ဆိုတာကို လက်ခံခဲ့ပေမဲ့ ဗင်နီဇွဲလားမှာ တရားဥပဒေဆိုင်ရာ ပြောင်းလဲမှုတွေ ပြုလုပ်ရမယ်လို့ ဆိုပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ အမေရိကန် ရေနံကုမ္ပဏီ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းပြီးနောက် နှစ်ပေါင်း ၂၀ အကြာမှာ ရေနံလုပ်ငန်းက ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေ ရှိတယ်လို့လည်း အက်ဆန် ရေနံကုမ္ပဏီ စီအီးအို ဒါရန်ဝုဒ်က ပြောပါတယ်။
ထရမ့်ပ်ဟာ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက် တပတ်မပြည့်ခင်မှာပဲ ရေနံလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ရေနံထွက်တယ်ဆိုတာ တွေ့တဲ့အချိန်ကစပြီး နိုင်ငံတကာရေနံကုမ္ပဏီတွေနဲ့ ဆက်သွယ်လုပ်ဆောင်မှုဟာ နှစ်ပေါင်း ၁၀၀ ကျော်ပြီ ဖြစ်ပါတယ်။
ဗင်နီဇွဲလားမှာ အီတလီ၊ စပိန် ကုမ္ပဏီတွေလည်း ရှိသလို ချက်ဗရွန်လို အမေရိကန်ကုမ္ပဏီလည်း ရှိနေပါတယ်။
ထရမ့်ပ်ကတော့ ရေနံလုပ်ငန်းတွေကို သူ့အစိုးရအဖွဲ့က လုပ်ပိုင်ခွင့်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောထားပါတယ်။
ဗင်နီဇွဲလားမှာ စီးပွားရေးလုပ်ငန်းတွေအတွက် လမ်းတွေဖွင့်ထားပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးကို အာမခံထားတယ်လို့လည်း ထရမ့်ပ်က အစည်းအဝေးမှာ ပြောခဲ့ကာ ရေနံစွမ်းအင်လုပ်ငန်းမှာ အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အားပေးနေတာ ဖြစ်ပါတယ်။
Source: Reuters


