
လာမယ့်အပတ် ဝါရှင်တန်ကို လာရောက်မယ့် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာကို ရီနာမာချာဒိုနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ဇန်နဝါရီ ၈ ရက် Fox News ရုပ်သံရဲ့ "Hannity" အစီအစဉ်က အင်တာဗျူးမှာ ပြောပါတယ်။
အမေရိကန်က ဗင်နီဇွဲလားအပေါ် တိုက်ခိုက်ပြီး သမ္မတ နီကိုလပ်စ်မာဒူရိုကို ဖမ်းဆီးသွားပြီးနောက် မာချာဒိုနဲ့ တွေ့ဆုံမဲ့ အစီအစဉ် ရှိ မရှိ ထရမ့်ပ်ကို မေးမြန်းခဲ့ရာမှာ ထရမ့်ပ်က သူ နောက်အပတ် အချိန်တခုမှာ လာရောက်မယ်လို့ သိထားပြီး သူ့ကို နှုတ်ဆက်ဖို့ မျှော်လင့်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။
တွေ့ဆုံမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေအတွက် အိမ်ဖြူတော်ကို ဆက်သွယ်မေးမြန်းခဲ့တဲ့အပေါ် ချက်ချင်း မတုံ့ပြန်သေးပါဘူး။
အောက်တိုဘာလမှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိပြီးကတည်းက အမေရိကန် ခေါင်းဆောင်နဲ့ စကားမပြောရသေးကြောင်း အခုအပတ်အစောပိုင်းမှာ ပြောကြားခဲ့တဲ့ မာချာဒိုနဲ့ ထရမ့်ပ် တို့ရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်မှာပါ။
Source:Reuters


